


၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သော “Siam Amazing Park” တွေ့ဆုံမိတ်ဆက်ပွဲ သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) မှ တွဲဖက်ဘဏ္ဍာရေးမှူး (၁) ဒေါ်ခင်မေမေအေး နှင့် အလုပ်အမှုဆောင်အဖွဲ့ ဒေါ်အိမ့်ကြာဖြူ တို့ တက်ရောက်ပါဝင်ခဲ့ကြပါသည်။
အဆိုပါပွဲတွင် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများ၊ ထိုင်းနိုင်ငံရှိ Siam Amazing Park ၏ စုစုပေါင်းဝန်ဆောင်မှုများ၊ အထင်ကရ Theme Park အဖြစ် ပြုလုပ်ထားခြင်းနှင့် ခရီးသွားများအတွက် မိတ်ဆက်ကမ်းလှမ်းမှုများကိုလည်း အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။
UMTA အနေဖြင့်လဲ အသင်းဝင်များအတွက် ထိုင်းနှင့်မြန်မာ ခရီးသွားလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် ပြုလုပ်လျှက်ရှိပါသည်။
#UMTA #TourismMyanmar #SiamAmazingPark #MyanmarThailandPartnership #TravelIndustry

