


၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၇) ရက်က Melia Hotel တွင် ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် "Viet Nam - Myanmar Business Connection Conference" သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မေသက်လွင်၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးကျော်ဝင်းထွန်း နှင့် တွဲဖက်ဘဏ္ဍာရေးမှူး (၁) ဒေါ်ခင်မေမေအေး တို့က အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
ဤအခမ်းအနားကို မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ H.E. Mrs. Phan Thai Thaung၊ မြန်မာနိုင်ငံရှိ ဗီယက်နမ်သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ စီးပွားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့မှ နှစ်နိုင်ငံဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများအကြောင်း Presentation များ တင်ပြဆွေးနွေးခဲ့ကြပါသည်။
မကြာမီကာလတွင် ခရီးသွားလုပ်ငန်းအတွက် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်များရှိကြောင်း နှင့်ဗီယက်နမ်ဖက်မှ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာဖက်မှ စားသုံးဆီအသင်း၊ သစ်သီးဝလံပန်းမန်အသင်းနှင့် MAI တို့ MOU ရေးထိုးခဲ့ကြောင်း သိရပါသည်။ နှစ်ဖက်တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များအကြား Exchange and Discussion Session တွင်လည်း အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

