- ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ မန်စီမြို့တွင် ကျင်းပသည့် ဆဌမအကြိမ်မြောက် တရုတ်-မြန်မာ ThinkTank အဆင့်မြင့်ဖိုရမ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် တက်ဟုန်းပြည်နယ် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့အကြား ခရီးသွားလုပ်ငန်းများ အတူပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
- လက်မှတ်ရေးထိုးအခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်မျိုးထိုက် (ဥက္ကဋ္ဌ - မန္တလေးဇုန်)၊ ဦးသိန်းထွေး (ဥက္ကဋ္ဌ - နေပြည်တော်ဇုန်) နှင့် ဦးအောင်ကျော်သိန်း (ဒုတိယဥက္ကဋ္ဌ - မန္တလေးဇုန်) တို့ တက်ရောက်ခဲ့ကြသည်။
- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းအနေဖြင့် ဤ MOU သည် နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေပြီး အနာဂတ်တွင် ခရီးသွားလုပ်ငန်းနယ်ပယ်အသီးသီး၌ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
#UMTA #ChinaMyanmarThinkTank #TourismCollaboration #MOU #MyanmarTourism #ChinaMyanmarRelations #TourismDevelopment





