📅 ရက်စွဲ - ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် 📍 နေရာ - အမျိုးသားသွေးလှူဘဏ် (ရန်ကုန်) 

🩸”အသက်တစ်ချောင်းဟာ ကမ္ဘာတစ်ခုလို တန်ဖိုးရှိပါတယ်။"

လူမှုအဖွဲ့အစည်းအတွက် အကျိုးပြု လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဒါနအမျိုးအစားထဲမှာ အဖြူစင်ဆုံးနှလုံးသားကနေ ပေးလှူတဲ့ မိမိရဲ့အသက်သွေးကို UMTA အသင်းဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနဲ့အတူ စုပေါင်းလှူဒါန်းခဲ့ကြပါတယ်။

🩸သွေးလှူဒါန်းခြင်းဟာ လှူဒါန်းသူအတွက်ရော၊ လက်ခံရရှိသူအတွက်ပါ မျှဝေခြင်းနဲ့ မျှော်လင့်ချက်သစ်တွေ ယူဆောင်လာနိုင်တဲ့ သာဓကတစ်ခုပဲဖြစ်ပါတယ်။ UMTA အနေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး လူတိုင်းကို မိမိရဲ့စွမ်းဆောင်နိုင်မှုအတိုင်း ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

🩸UMTA CSR Foundation မှ ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ ကျေးဇူးရှင်သွေးလှူရှင်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

20251023 4 01
20251023 4 02
20251023 4 03
 
20251023 4 04
20251023 4 05
20251023 4 06
 




Our Members