၁။ မြန်မာနိုင်ငံ ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (MoHT, နေပြည်တော်) ၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ၏ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ (HRD Committee) မှ ဦးစီးကျင်းပသော ASEAN National Trainer သင်တန်း ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက်အထိ နံနက် ၉:၃၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI Office Tower၊ ၈ လွှာ၊ UMTA ရုံးခန်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

၂။ အဆိုပါ သင်တန်းတွင် ခရီးသွားလုပ်ငန်းနယ်ပယ်အသီးသီးမှ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၃ ဦး တက်ရောက် သင်ယူခဲ့ကြပြီး ASEAN စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ကျွမ်းကျင်မှုများကို ရယူနိုင်ခဲ့ ကြပါသည်။

၃။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဒေါက်တာ ဦးသက်လွင်တိုး (UMTA နာယက၊ Founder & MD – Myanmar Voyages International Tourism Company ~ Vice President – Myanmar Tourism Federation) မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။

၄။ သင်တန်းသင်ကြားမှုများကို ASEAN Master Trainer and Assessor ဆရာဦးကျော်စွာ မှ ဦးဆောင် ပို့ချခဲ့ပြီး သင်တန်းသားများအတွက် အသက်သာဆုံး လိုက်နာနိုင်သော အသုံးချနိုင်သည့် အတတ်ပညာ များကို လက်တွေ့အခြေပြု သင်ကြားပေးခဲ့ပါသည်။

၅။ ယခုသင်တန်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအတွက် တက်ရောက်သင်ယူခဲ့ကြသည့် သင်တန်း သားများ၊ ကူညီဆောင်ရွက်ခဲ့သည့် UMTA ရုံးအဖွဲ့၊ ပံ့ပိုးပေးခဲ့သည့် UMTA ဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင်အဖွဲ့၊ သင်တန်းကျင်းပမှုအောင်မြင်စေရန် ပါဝင်ကူညီပေးခဲ့သူများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် UMTA မှ ဖွင့်လှစ်မည့် သင်တန်းများတွင်လည်း တက်ရောက်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

20251023 2 01
20251023 2 02
20251023 2 03
 
20251023 2 04
20251023 2 05
20251023 2 06
 
20251023 2 07
20251023 2 08
20251023 2 09
 




Our Members